Monday, March 23, 2015

မြန်မာ့ကဗျာနေ့ ။ လှိုင်ဘွား















မြန်မာ့ ကဗျာနေ့
_______________
ဆရာလှိုင်ဘွား ၏ facebook စာမျက်နှာမှ
ကူးယူပါသည် ။

ဒီနေ့ ...
မတ်လ ၂၃-ရက်
ဘဘမှိုင်းမွေးနေ့
`မြန်မာ့ကဗျာနေ့´လို့
သတ်မှတ်ကြပါစို့
`အိုမင်းမစွမ်း´ဆိုတာကွာ ...
မင်းအိုရင်၊မင်းမစွမ်းတော့ဘူးလို့
သဘာဝတရားကို
ချစ်စဖွယ်သရော်ခဲ့တဲ့
ငါတို့ရဲ့အမျိုးသားစာဆိုကြီး
သခင်အားလုံးရဲ့ခေါင်းကိုင်ဆရာကြီး
မြန်မာသာမက၊တလောကလုံးရဲ့ငြိမ်းချမ်းရေးဖခင်ကြီး
မြန်မာကဗျာလောက၊စာပေလောက၊
သတင်းစာလောက၊နိုင်ငံရေးလောက၊
မြန်မာ့လူ့ဘောင်လောကရဲ့ ...
အဖြူစင်ဆုံးသူတော်စင်ကြီးဖြစ်တဲ့
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို
အမြဲထာဝရဂုဏ်ပြုပူဇော်ခြင်းအားဖြင့်
ဘဘမှိုင်းမွေးနေ့ကို
`မြန်မာ့ကဗျာနေ့´အဖြစ်
သတ်မှတ်ပူဇော်ကြပါစို့။
ကျွန်တော်အလေးအနက်တောင်းဆိုချင်ပါတယ်
ဘဘမှိုင်းမွေးနေ့ကို
သတိရပူဇော်ကြ
`ဘဘမှိုင်းမွေးနေ့ ...
မြန်မာ့ကဗျာနေ့´

လှိုင်ဘွား
Hlaing Bwar
23.3.2015

No comments:

Post a Comment