Monday, March 30, 2015

ညမဖတ်ရ အမှတ်တရတွေ


ညမဖတ်ရ အမှတ်တရတွေ


ဒီလမ်းက တကယ်ရှည်တယ်
ဒီလမ်းဟာ သွေးကြောင်နေရင်
ပိုရှည်လျားမယ်
မင်းပြန်လာမှ ငါရှိမယ်
ငါ့ ကို ပြန်တွေ့မှ
မင်းသေပျော်မယ်မဟုတ်ဘူးလား ။

အသက်နဲ့ထုပ်မှ
လုံခြုံမယ့်မြေ . . . .

သွေးနဲ့ ဆေးမှ
လန်းမယ့်ရေ . . . .

တသက်စာ စတေးမှ
မသူတော်ဘေး ကင်းဝေးရမယ့်
ဒီအဖြစ်တွေ
ဒီအပျက်တွေ
သဘောမကျဘဲ လွမ်း လွမ်း နေရတဲ့
ဒီအဖြစ်တွေ
ဒီအမှတ်တရတွေ . . . .

သရဲဘောကြောင်တဲ့ နံနက်ခင်းများ
ပျော်ပျော်ပါးပါး
ပြန်ပြောင်းပြောနိုင်ကြပါစေ
ရယ်ရယ်မောမော
ဖတ်ရှုနိုင်ကြပါစေ ။

                            ရန်လင်းအောင်

No comments:

Post a Comment