Monday, March 30, 2015

ရထား ။ ခက်ဦး


ရထား

...........

ခေါင်းတွဲကြီးဆွဲ
ဥသြပဲ
နောက်တွဲတွေ
လက်ဆင့်ကမ်း လက်တို့
တူအောင်တု
အရိပ် နဲ့ အကဲကြည့်
်ပိရိအောင် ဆွဲ
ညှိရင်း ညီလာမယ်
ပုံစံကျ မျက်နှာပေးဟောင်းကြီး
သူ့ကြည့် ငါ့ကြည့်မလုပ် နဲ့
ဆွဲဆိုဆွဲ ဆွဲသာဆွဲ
ခေါင်းတွဲအော်သမျ ဥသြပဲ ။

ခက်ဦး
၂၃ . ၃ . ၂၀၁၅

No comments:

Post a Comment