Monday, April 13, 2015

မဏ္ဍပ် ။ ခက်ဦး


မဏ္ဍပ်

..........
ဆိုတဲ့သူသာ ပြောင်းသွားတယ်
စည်းချက်နဲ့စာသား ထူးမခြားနား ။

ဝတ်စုံ ပန်းကုံး မိတ်ကပ် မထပ်ပါဘူး
ယိမ်းသမတွေ
လက်ကွေးလိုက် ခြေဆန့်လိုက်
အတိုင်ညီညီ အဖောက်ညာညာ
ဒီသံသရာက မလွတ် ။

ငြီးငွေ့ပြီ
တော်ကြပါတော့
ဘာများဆက်ထူးခြားမလဲ
စိတ်နဲ့ဆန့်တဲ့လည်ပင်း ညောင်းလှပြီ ။

ငါကိုက မှားတယ်
စင်မြင့်မှာ
ပွဲသိမ်း ကားလိပ် မပါမှန်း
ကြိုသိခဲ့ရမှာ ။

ခက်ဦး
၁၀ . ၄ . ၂၀၁၅
ည ၇နာရီ ၂၉ မိနစ်

No comments:

Post a Comment