Monday, April 13, 2015

မိန် ကေတုဘုန်းမော်


ကေတုဘုန်းမော်

မိန်

......
ဓာတ်ပြားဟောင်းတစ်ချပ­်နဲ့
လုပ်ချလိုက်ပြန်ပြီ နွေဦး ......... ။

ခမ်းခမ်းနားနား သစ်ပင်တောအုပ်
အင်္ကျီတွေ ချွတ်လဲနေပုံ ။

လှလိုက်တာ
လေလှုပ်တိုင်း ကြွေနော့အဟောင်းထည်

ရှင်ဥတ္တမကျော် တောလားတုန်းက လွမ်းမောခဲ့
ချစ်သူတွေ အဲ့သည့်မှာ မင်းနဲ့ငါ ။

ခုတော့ ဘာလုပ်ဖို့တဲ့လဲကွယ် သိနေပြီပဲ
အရေးမပါတဲ့
ကြည်နူးဖွယ် အပ်သွားတုံး တီးလုံးကို ။

ကမ္ဘာကြီးရေ
သနားတယ် ။ ။

ကေတုဘုန်းမော်
(၁၉၄၂ _ ၁၉၉၈)

ပန်းချီ - ခက်ဦး


No comments:

Post a Comment