တစ်ခန်းမှ မရပ်သေးတဲ့ ပြဇာတ်
ဇာတ်အိမ် က
လမ်းကို ကျောရိုးပြုတဲ့ ဆက်တင်နဲ့
အမှန်တရားတွေ ဖြတ်မောင်းနေတာ
စိတ် အချင်းချင်း မီး ထိုးပြထား ကြ
တစ်မိထဲ သားတွေလို ချစ်လို့ ။
ရှိုက်ဖွာ လိုက်တဲ့ စာနာမှုက
လေ ထဲ မှာ စွန့်လွှတ်ခြင်းနဲ့ မွှေးပျံ့
ရဲရင့်တဲ့ မေတ္တာ ဟာ
ပိတ်ပင်တားဆီးခြင်းမှာ
အပြုံး မပျက်စေ နိုင်ကြောင်း သိတယ် ။
တိမ်နဲ့ ငြိတဲ့ လရောင်မှာ
စိုထိုင်းစ နည်းတဲ့ ဥတု လို
နွေဦးလေထဲ လွင့်ပျံ့လာမယ့် သီချင်းတွေ က
တောက် ခတ်သံ ပီပီသသ
ပျော်ရာမှာမနေ ရ
မတော်ရာမှာနေ နေရ
တွန်းရွှေ့လိုက်တဲ့ ချန်နယ်မှာ
အမျှော်လင့်ဆုံး သတင်းကို
အဦးအဖျား ကြားရဖို့
ခံနိုင်ရည် ကို ချဲ့ယူထား ပုံ မျိုး
သိမ်းဆည်းမျက်ရည်နောက်မှာ
အင်အား ဟာ အကျအပေါက် မရှိတဲ့
ရဲဆေး တစ်ခွက် ။ ။
ကိုသားကြီး
No comments:
Post a Comment