Thursday, April 16, 2015

အတက်နေ့ညနေ ။ ရန်လင်းအောင်


အတက်နေ့ ညနေ


ရွှဲရွှဲစိုနေတဲ့
တစ်ကိုယ်လုံး အားရပါးရ
လိမ်ကျစ်ပြီး ညှစ်ချလိုက်တယ် ။

မတော်မတည့်တာတွေ
ဘယ်လောက်များ ပြောင်စင်သွားမလဲလို့ ။

နောက်ရက်များမှာတော့
မိုးရွာဦးမယ်ဆိုပါစို့
ပိတောက်ပန်းတွေ ပွင့်ကြပေဦးမယ် လို့
သေချာပေါက် ထင်ကိုထင်မိပါသေးတယ် ။

ခုတော့ . . . . . . . . . . .
တစ်ခုခု မေ့ကျန်ခဲ့တဲ့ ခံစားမှုဗေဒ ဟာ
နေရောင်ဖျိုးဖျ
စိုစိစိ လမ်းသွယ်လေးထဲ
ကိုယ်ဖေါ့ သွား သလိုလို
ကိုယ်ပေါ့ သွား သလိုလို
အမှုမဲ့ အမှတ်မဲ့ယောင်ဆောင်ထားလိုက်တော့တယ် ။ ။

ရန်လင်းအောင်
သူ့အကြောင်းနဲ့ ငါ့ အရာ
သူ့အရာ နဲ့ ငါ့  အကြောင်း ကဗျာစာအုပ်မှ ။

No comments:

Post a Comment