Sunday, May 31, 2015

ကဗျာဆရာ မောင်နီမွန် သို့ မွေးနေ့ ဆုမွန်

ကဗျာဆရာ မောင်နီမွန် နှင့်
ဇနီး


ကဗျာဆရာကြီးတွေက တောင်ငူလို့ပြောလိုက်ရင် မောင်နီမွန် ကြီးကော ကျန်းမာရဲ့လား လို့
တန်းမေးကြတာပါ ။
မြို့အမည်နာမရွတ်ပြရုံနဲ့ ယှဉ်တွဲသိရလောက်အောင် ကဗျာသမားတွေရဲ့အာရုံ စာရေးဆရာကြီးများရဲ့အာရုံထဲ ဝင်းခနဲ ဖြတ်ခနဲ တောက်စားသွားရလောက်အောင် အရှိန်အဝါက သူ့အပေါ်မှာ အလင်းဖြန့်နိုင်တာပါ ။
ဒီနေ့ သူ့ရဲ့မွေးနေ့ဖြစ်ပါတယ် ၊ ဘဝတလျှောက်လုံး ကိုယ့်ကိုယ်ကို အနီးကြည့်အဝေးကြည့် တကြည့်ကြည့်နဲ့ ခေတ်ပြိုင်ကဗျာဆရာကြီးစစ်စစ်တစ်ယောက်ဖြစ်အောင် သေသေချာချာ ထုဆစ် ထူထောင်ခဲ့တဲ့ သမိုင်းခေတ်တွေကို ကဗျာ့တာဝန်ကျေအောင်ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့ကဗျာဆရာကြီး အသက်ရှည်ကျန်းမာ အာရုံပေါ့ပါး ဟဒယရွှင်လန်းစွာဖြင့် သူချစ်သောကဗျာများဖြင့် သက်ထက်ဆုံး ငြိမ်းအေးစွာ ဘဝခရီးကို ချစ်သော သားသမီး မြေးများဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ် ။

                               ခက်ဦး

No comments:

Post a Comment