Monday, June 1, 2015

ကဗျာဆရာ မောင်နီမွန် ၇၂ နှစ်ပြည့်မွေးန့ အမှတ်တရ


ကဗျာဆရာ မောင်နီမွန် မွေးနေ့ဟာ
ကေတုမတီမှာ
ပန်းတွေပွင့်တဲ့ နေ့ပဲ။
ညောင်ပင်ကြီးတစ်ပင်အောက်က
လဘက်ရည်ဆိုင်မှာ
မောင်နီမွန်ထိုင်တယ်
ကေတုဘုန်းမော် ထိုင်တယ်
ကျွန်တော်ထိုင်တယ်
ချိုပေါ့ ခေတ်ကြီးတစ်ခွက်ကို
မျှပြီးသောက်ခဲ့ကြတယ်။
ကြာခဲ့ပြီလား
မနေ့ တနေ့ကပဲ။
လရောင်တွေ
ဖွေးဖွေးလှုပ်နေတယ်
ပန်းတွေ
အဆုပ်လိုက် အခိုင်လိုက်ပွင့်တယ်
ဒါဟာ
ကေတုမတီမှာ
ကဗျာဆရာတွေ
လူထုကဗျာဆရာတွေ မွေးနေ့တိုင်းရဲ့
မဟာသင်္ကေတ တစ်ခုပဲ။
ကဗျာဆရာ မောင်နီမွန် မွေးနေ့ဟာ
ကေတုမတီမှာ
ပန်းတွေ
ပွင့်ပြီးတိုင်း
ပွင့်နေလိမ့်ဦးမယ်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

No comments:

Post a Comment