Wednesday, July 15, 2015

ေ ပြာ ဇာ တ် - ၄ - ရန်လင်းအောင်


ေ ပြာ ဇာ တ် - ၎


ရှင်လူအများရဲ့
မျက်လုံးထဲဝင်နေတဲ့ အမှိုက်သရိုက်လို
ထမင်းထဲပါလာတဲ့ ကျောက်စရစ်ခဲလို
ဖနောင့်ထဲစူးဝင်နေတဲ့ ဆူးငြောင့်လို
ရှင်ဒေဝဒတ်ရဲ့အတိတ်ဇာတ်ရုပ်ဟာ
ကြံကြိတ်စက်နဲ့ကြံညှစ်သလို
လူထုကိုဗိုလ်ကျစိုးမိုးတဲ့ မဟာပိင်္ဂလမင်းဆိုပဲ ၊

ဒီမင်းယုတ်ကြီးသေတော့
တပြည်လုံခြိမ့်ခြိမ့်သဲပျော်ပွဲဆင်နေသလောက်
တံခါးမှူးကြီးက ကျူကျူပါအောင် ငိုရှာသတဲ့ ၊

ဒါနဲ့ ဘုရားလောင်းမင်းသား အမေးမှာ သူဖြေတယ် ၊
ဒီ မင်းစုတ်မင်းပြတ် သေလို့ငိုတာမဟုတ်
နန်းတော်ပြာဿဒ် အဆင်းအတက်တိုင်းမှာ ရှစ်ချက် ရှစ်ချက် သူ့ဦးခေါင်းကို
တူနဲ့ထုသလို ထုရိုက်နှိပ်စက်တတ်တဲ့ ဒီဘုရင်
ငရဲရောက်လို့ ငရဲသားတွေကိုပါ
ဦးခေါင်းလိုက်ထုနေမှဖြင့်
အတော်နှိပ်စက်တဲ့ ဒီဘုရင်
ငရဲထိန်းကတောင် ကြောက်ကန်ကန်
ဒီနန်းတော်ထဲ ပြန်လွှတ်လိုက်မှာ စိုးလို့တဲ့
ပြန်လွှတ်လိုက်မှာ စိုးလို့တဲ့ ။ ။
     
                                    ရန်လင်းအောင်
                        ဒုကနိပါတ် ၊ ဥပါဟနဝဂ် ၊
                          မဟာပိင်္ဂလဇာတ်တော်
                                 ကိုမှီးသည် ။

No comments:

Post a Comment