Wednesday, July 15, 2015

မန္တလေး တစ်ညနေ ၊ မင်းညွန့်လှိုင်


မန္တလေးတစ်ညနေ


တိမ်ဖြူထွေးထွေး မဆန့်မပြဲနဲ့
အက်ကွဲမတတ် ကောင်းကင်အောက်မှာ။

တစ်လမ်းလုံး
ပေါင်တံဖွေးဖွေး လူးလားလှုပ်ခတ် ၏။

ဆက်တင်အဟောင်းနဲ့ ဇာတ်ကောင်အသစ်
ယိမ်းနွဲ့တဲ့လှိုင်း။

နာရီစင်လေး
ခေါင်းငုံ့ ငြိမ်သက် ရှုမှတ် ပွားများ။

အို.. မန္တလေး
ရတနာပုမ်မန္တလေး
ကျနော်တို့ ရွှေမန္တလေး
သွေးခုန်နှုန်းအသစ်နဲ့
နေကောင်းထိုင်သာရှိပါစ။    

                         မင်းညွန့်လှိုင်



No comments:

Post a Comment