Friday, August 7, 2015

တံတွေးနစ်ရင် ဘာဝယ်/ရောင်းမှ မကူနိုင်ဘူး ။ ရန်လင်းအောင်



တံတွေးနစ်ရင် ဘာဝယ်/ရောင်းမှ မကူနိုင်ဘူး

__________________________

ရေဘေး လေ
သဘာဝဘေးဒဏ်ကပ်ဆိုးပဲ
လူသားဆန်ဆန် လူ့ဒုက္ခကို
လူတွေစာနာကြ ၊ ဝိုင်းဝန်းကြ
ရှိစုမဲ့စု ရောင်းကြ ဝယ်ကြ အားပေးကြ
မရှိမဲ့ရှိမဲ့ လှူကြ ၊ ကူကြ ၊

ကဗျာရောင်းတယ် ဝယ်တယ် ကူတယ်
ပန်းချီရောင်းတယ်၊ဝယ်တယ် လှူတယ်
သီချင်းရောင်းတယ် ၊ဝယ်တယ် ကူတယ်
ကုန်ကုန်ပြောရရင် ကျတော်/ကျမတို့ကို
ခိုင်းပါ၊ဝယ်ပါ၊ ဘဝကိုရောင်းတယ်
အချိန်ကိုရောင်းတယ်
လှူတယ် ကူတယ် ၊

လူတောထဲနေပြီး
ဟိုလူက ထွီကနဲ
ဒီလူက ထွမ်ကနဲ
သူများတံတွေးခွက်ထဲများ
မြူးလို့ကောင်း ကူးလို့ ကောင်း
မထူးဇာတ်နဲ့မှုန်နံ့သာခြယ်
လူမဆန်လေတဲ့ကောင် ကူးရာကပက်လက်မျော
မျောရာက ဂျွမ်းထိုးမှောက်ခုံနစ်လို့ကတော့
မရှုနိုင်မကယ်နိုင် ပြာတာပဲ
ဘယ်သူဘာရောင်းလို့ဘယ်သူဝယ်
သဒ္ဓါမပေါက် အာပေါက်သေမယ်
တံတွေးနစ်ရင် ဘာဝယ်/ရောင်းမှ မကူနိုင်ဘူး ။ ။
 
                                                     ရန်လင်းအောင်



No comments:

Post a Comment