Friday, August 7, 2015

ရင်ခုန်သံမနက်ခင်း ၊ မင်းညွန့်လှိုင်


ရင်ခုန်သံမနက်ခင်း

မနက်ခင်းမိုးလင်းရင်
တောင့်တမိတာ
ကော်ဖီမွှေးမွှေးနဲ့
မင်နံ့သင်းသင်းသတင်းစာ ။
ကမ္ဘာကြီးက
သတင်းစာနှစ်စောင်ဖြန့်ချီတယ် ။
ညစ်ညူးနောက်ကျိဘွယ်
အနက်ရောင်သတင်းစာ
ပါးလျပျောက်ကွယ်သွားပါစေ ။
ပျော်ရွှင်ဝင်းပဘွယ်
အဖြူရောင်သတင်းစာ
ထူထဲပွားများနိုင်ပါစေ ။      ။

                  မင်းညွန့်လှိုင်

No comments:

Post a Comment