Sunday, August 2, 2015

ရေထဲကသတင်းပေးပို့ချက်၊ မင်းညွန့်လှိုင်


ရေထဲကသတင်းပေးပို့ချက်

_____________________

နွေခေါင်ခေါင်မှာတို့ငတ်ခဲ့တဲ့ရေ
ခုတော့ တို့ကို ငတ်နေပြီ ။

ရှင်သန်ဖို့က ဓာတ်ကြီးလေးပါး
ပျက်စီးဖို့ကျ ရန်သူမျိုးငါးပါး
ရေက
ရန်သူဘက်ကို ပါသွားပြီ ။

အို
ကူညီကာဝိုင်းလို့
မှိုင်းမကြပ
လူမြတ်လူကောင်း
လူအပေါင်းတို့ရေ
ရေ ..ရေ..
ရေ.……
             မင်းညွန့်လှိုင်

No comments:

Post a Comment