Tuesday, January 26, 2016

တစ္ဆေယန္တရား ၊ မောင်သော်တာ



တစ္ဆေယန္တရား

___________________ 

မနက်လင်းရင်ကမ္ဘာပျက်တော့မလိုတစ်ညလုံးမအိပ်ရဲ မအိပ်ဝံ့ခဲ့ဘူး
သက်ကယ်မိုးကျဲကျဲပေါ်
ရှို့မီးတွေကျလာမှာလား
ယာကူဇာတွေလိုလူအုပ်ကြီးရဲ့ခြေသံကိုနားစွင့်လို့
ကွေးကွေးလေးအိပ်နေတဲ ငါ့ကလေးတွေ
ကျောင်းလွယ်အိတ်ကိုပိုက်ရင်းငါ့ကျောနောက်မှာကပ်ထားတယ်
ထမင်းအိုးလေးတွေပန်းကန်လေးတွေကိုကွဲမှာစိုးလို့ထည့်ထားတဲ့တောင်းလေးကိုလက်နဲ့ထိထားတယ်
ခြင်တွေ ဒီတညလုံးသွေးဝအောင်ကိုက်ကြပစေ
ဆောင်းညကြီးတိတ်ဆိတ်လွန်း
ယန္တရားစက်မောင်းတံမဲမဲကြီးတွေခြောက်ခြားစရာ … … …

မောင်သော်တာ

No comments:

Post a Comment