Tuesday, January 26, 2016

တရားလက်လွတ်များ ၊ လွင်နောင်နောင်



တရားလက်လွတ်များ

=================

စိတ်ကူးကိုယ်က
သီချင်းဖြစ်လိုက် ကဗျာဖြစ်လိုက်
ကိုယ့်စိတ်ကူးနဲ့ကိုယ်။
အနုပညာနဲ့ဘဝစိုစိုမို့
မျိုတယ်
ထွေးတယ်
အသစ်ပြန်ပြန်တွေးတယ်
ကိုယ့်အတွေးနဲ့ကိုယ်။
တင်သားလုံးလုံးလေးတွေတွေ့တော့
နှလုံးသားရင့်ရင့်ကြီးက ထထခုန်တယ်
ကိုယ့်အဝိဇ္ဇာနဲ့ကိုယ်။
ကားတွေပြေးတာငေးတော့
အတွေးတွေပါ ကားနောက်လိုက်ပြေးတယ်
ကိုယ့်ပြေးလမ်းနဲ့ကိုယ်။
ကျောင်းဝတ်စုံလေးတွေလမ်းပေါ်ဥဒဟို
အလုပ်သမားတွေ လမ်းပေါ်ဥဒဟို
ကိုယ့်သောကနဲ့ကိုယ်။
နုနေတဲ့စကားလုံးတွေ ပျောက်ဆုံးသွားကတည်းက
မနက်လည်းမနက်မို့ ညလည်းညမို့
ရယ်စရာမဟုတ်တာတွေရယ်ရ
ငိုစရာမဟုတ်တာတွေငိုရ
ကိုယ့်ရရှိမှုနဲ့ကိုယ်။ ။

လွင်နောင်နောင်


(27 1 2016 )
သန်လျင်က ကိုကြီး Kyie Soeအိမ်မှာရတဲ့ကဗျာ)

No comments:

Post a Comment