Wednesday, February 24, 2016

အရောင်များနဲ့ ကဗျာ - လင်းသက်ငြိမ်



အေ ရာ င် များ နဲ့ က ဗျာ

______________________________

အသားအရောင်တွေအသာထား
သွေးရောင်တွေပိုးစိုးပက်စက်ပွင့်တဲ့
နိုင်ငံတော်သားတစ်ယောက်အနေနဲ့
အနုပညာကိုဒေါသမပါပဲဖွဲ့မရဖြစ်ရ
နိုင်ငံရေးဘာမှန်းကျွန်တော်မသိပါဘူး
ဒီမိုကရေစီအကြောင်းအပြည့်အဝ
ကျွန်တော်နားမလည်ပါဘူး
လူကလူကိုသတ်တာ
မကောင်းဘူးထင်ပါရဲ့
လူကလူကိုနှိပ်စက်တာ
မကောင်းဘူးထင်ပါရဲ့
နိုင်ငံ့ဥစ္စာကိုအိတ်ထဲကဖားလို
ထုတ်ထုတ်ရောင်းတာ
မကောင်းဘူးထင်ပါရဲ့
မြို့သားအစစ်ကြီးတွေကို
မြို့ပြင်မောင်းထုတ်တာ
မကောင်းဘူးထင်ပါရဲ့
မိဘပြည်သူများဆိုပြီး
ပြည်သူတွေရဲ့မိဘလိုဆက်ဆံနေတာ
မကောင်းဘူးထင်ပါရဲ့
ဘာမှမဟုတ်တဲ့
နေရာထိုင်ခင်းကလေးအတွက်
ဥာဏ်ပညာတွေကိုသတ်ပစ်တာ
မကောင်းဘူးထင်ပါရဲ့
သေနတ်ဆိုတာ
လက်ဗလာနဲ့လူတွေကိုပစ်ခတ်ဖို့လား
အာဏာဆိုတာ
ကိုယ့်နေရာအတွက်ထုတ်သုံးရတဲ့
အစွယ်လား...
မကောင်းဘူးထင်ပါရဲ့
မကောင်းဘူးထင်ပါရဲ့
ဘာတစ်ခုမှမကောင်းဘူးထင်ပါရဲ့
ဘထူးလည်းပုလိပ် ပုလိပ်လည်းဘထူး
ရှေ့ဘုန်းကြီးတစ်ချက်ခေါက်
နောက်ဘုန်းကြီးနှစ်ချက်ခေါက်
ဒီပုတ်ထဲကဒီပဲများ
နွားခြေရာနောက်ကလှည်းဘီးလို
အရူးပြီးအရူး
ငမူးပြီးငမူး
မကောင်းဘူးထင်ပါရဲ့
မကောင်းဘူးထင်ပါရဲ့ … … …


လင်းသက်ငြိမ်



No comments:

Post a Comment