Wednesday, February 24, 2016

အမြဲစိမ်းတော - ချောဘသစ် ၊ ကျော်ဇင်ငထင်


*  အ မြဲ စိ မ်းေ တာ *

________________________________

မေတ္တာတရားဟာ
ဟိုးဝေးဝေးတောင်ကုန်းလေးတွေပေါ်
တရွေ့ရွေ့တဖြည်းဖြည်း  တွားတက်လာ
အမှောင်စိမ်းစိမ်းထဲ
အလွမ်းဟာ  မျက်စိလည်လမ်းမှား
သီချင်းကလေးတစ်ပုဒ်ကို  လမ်းပြခိုင်းရရှာ ။

ခယောင်းလမ်းကြောင်းနဲ့
သောကထမ်းထားတဲ့  လမ်းသွယ်လေးကို
စိတ်အလင်းနဲ့ဖွင့်ချလိုက်တော့
လောကရဲ့စမ်းချောင်းလေး...
တသွင်သွင်စီး
လေပြေစိမ်းစိမ်းလေးတွေ တစ်မိုးသောက်
အိပ်မက်စိမ်းစိမ်းလေးလည်း  လန်းလာပြီ ။

ရေတံခွန်သူတော်စင်
သူ့တရားဟာ...
တဝေါဝေါစိမ်းမြ
စိမ်းလန်းသော  ကမ္ဘာသစ်ဆီ ။  ။


   ချောဘသစ် ၊ ကျော်ဇင်ငထင်


No comments:

Post a Comment