Sunday, February 28, 2016

ကျွန်တော့်ဇနီး ယနေ့ညပြောပြပါသော ကဗျာ -မောင်သက်ငြိမ်



ကျွန်တော့်ဇနီး _________________

ယနေ့ညပြောပြပါသောကဗျာ____________

ရှင်နဲ့ပေါင်းလာတာနှစ်အစိတ်ရှိပြီ
ရှင့်သားအကြီးကောင်ဘွဲ့ရတော့မယ်
ရှင့်သားအိမ်ထောင်ရက်သားပြုတော့မယ်
ရှင့်သားအငယ်ကအခုမှ ခုနှစ်တန်းလေ
ရှင်သေလို့မဖြစ်သေးဘူး
ရှင်ထောင်ထဲရောက်တော့ ကျမမှာဖတ်သီဖတ်သီ
ရှင့်အတွက်သောကများလှပြီ
ရှင်ဟာ အခုထိ ဆင်နဲ့ခြင်မကွဲသေးဘူး  ။

ကျမရှင့်ကိုချစ်တယ်
ကျမရှင့်ဘဝထဲဝင်တော့ အဖေမျက်ရည်ကျတယ်
ကျမရှင့်ကိုမဆုံးရှုံးချင်ဘူး
ကျမနဲ့ရှင်နောင်ဘဝတွေ့ချင်သား
ကျမရှင့်ထက်အသက်ကြီးသူဖြစ်ချင်တယ်
ရှင့်ကိုနားဝင်အောင်ဆုံးမချင်လို့  ။

နေမင်းကြီးက တံခါးခေါက်ရင်
ရှင်နေထွက်တာမြင်ရပါစေမယ်  ။

လမင်းကြီးကပြုံးပြရင်
ကျမတို့အတူပြုံးမယ်နော်  ။

 မောင်သက်ငြိမ်

No comments:

Post a Comment