Monday, February 22, 2016

အသံမဲ့တေး - လှိုင်ကိုဦး


အသံမဲ့ တေး

______________

တဖက်ကမ်းက ဘုရားရှင်တော်
တယောက်ထဲ
ဖူးမြော်ရတဲ့အခါ။

ကိုယ်တိုင်ဖျော်တဲ့ ကော်ဖီ
တစ်ခွက်
အငွေ့တဝေဝေ တက်တဲ့အခါ။

အက်ကွဲကြွေကျနေတဲ့ နံရံ
တစ်ခုကို
ငေးရီမိတဲ့အခါ။

မကြားနိုင်တဲ့ သီချင်းတစ်ပုဒ်
နှလုံးသားတစ်ဆုပ်စာ
ကြားလိုက်ရတယ်။

လှိုင်ကိုဦး

No comments:

Post a Comment