Friday, February 12, 2016

စိန်နားကပ်သတ်သတ် ပါးသတ်သတ် - မောင်လေးဇော် - ရွှေခယ်မြေ


‪စိန်နားကပ်သတ်သတ် ပါးသတ်သတ်‬

________________________________

အလံဟာ
နေဒဏ် လေဒဏ်အခံရဆုံး
သမိုင်းတစ်ခုလုံးအတွက်
အနားသားစုတ်ပြတ်ဖြူဖတ်ဖြူရော်။

အလံတိုင်ကတော့
ဝါးဖြစ်ဖြစ်
သစ်သားဖြစ်ဖြစ်
သံပိုက်ဖြစ်ဖြစ်
ငွေမှင်လေးလိမ်းခြယ်မြှင့်တင်ပေးရသူ။

အလံတွေတင်ကြ
အလံတွေချကြ
ဝင့်ကြွားကြ
လေးစားကြ
ဂုဏ်ပြုကြ
ဘယ်လောက်ပဲလှလှ
အလံမရှိရင်တော့
အလံတိုင်ဆိုတာ
အလေးပြုစရာမလိုတဲ့ငုတ်တိုင်တစ်ချောင်းပါ  ။      ။

မောင်လေးဇော်(ရွှေခယ်မြေ)

No comments:

Post a Comment