Friday, February 12, 2016

ကျုပ်တို့ အလံ - လှိုင်ကိုဦး



ကျု ပ် တို့ အ လံ

________________________

ပထဝီနယ်မြေ မသိမ်း
သမိုင်းနယ်မြေကို သိမ်းခဲ့သူ ။

ကျုပ်တို့နှလုံးသားမြေပေါ်
သူ့နှလုံးသားအစိမ်းလိုက်ဆွဲထုတ်
အလံလုပ်ပြီး စိုက်ခဲ့တယ် ။
(ကျုပ်နှလုံးသားမှာဟင်္သာပြဒါးမပါတဲ့
  ကိုယ်လုံဆေးမင်လို)
ခင်ဗျားမယုံရင်
ငုံ့ကြည့်လိုက်
ခင်ဗျားနှလုံးသားမှာ
တဝုန်းဝုန်း အဟုန်နဲ့မာန်နဲ့
ဗိုလ်ချုပ် မျက်နှာပုံသဏ္ဍာန်
ကျုပ်တို့အလံ … … …

လှိုင်ကိုဦး

ဗိုလ်ချုပ် မွေနေ့ သို့
ဖေဖေါ်ဝါရီ ၁၃ရက် ၊ ၂၀၁၆

No comments:

Post a Comment