Friday, March 4, 2016

သ တ် ကွ င်း - ဧသုချို


သ တ် ကွ င်း 

_______________________

                     ဧသုချို


မကျွမ်းတဲ့တော
ဘယ်တော့မှ  ငါမလှမ်းခဲ့ -

ဘယ်တော့မှ
ငါ့ဆီပြန်မလာတော့မယ့်မြား
အပြင်းဆုံးအဆိပ်ကိုလူး
လေးညှို့ကို...
အားကုန်ဆွဲ လွှတ်လိုက်ပေါ့ … …

တကယ်တမ်း
မြားဆိပ်သင့်သေဆုံးခဲ့သူ
မုဆိုး … … ငါ ……

ဧသုချို

No comments:

Post a Comment