ၾက မၼ ာ ေ စ ရ ာ
________________________
ရှားပါးလာတဲ့စကားလုံးတွေကြား
အသက်ရှူလိုက်တိုင်း
သတိရခြင်းတွေကသာ
ရောင်းပန်းမဝင်တဲ့ပန်းလိုပွင့်ခဲ့တယ်....
ဝိရောဓိဖြစ်နေတဲ့ ခြေလှမ်းတွေနဲ့
မခမ်းခြောက်နိုင်တဲ့ မိုးရာသီကြား
တကယ်ဆိုရင် တောင်ပံတစ်စုံက
ကျွန်မသာလျှင်ပိုင်ဆိုင်သင့်တာပါ...
မဆုံးနိုင်တဲ့ခရီးလမ်းကို
နှလုံးသွေးနဲ့ခင်းလျှောက်ရအောင်
ကျွန်မကနှောင်ကြိုးမဲ့တဲ့
သက်မဲ့တစ်ခုမဟုတ်ခဲ့လေဘူး ...
သူမွှေးခဲ့တဲ့မီးတစ်စထဲ
ကျွန်မရဲ့ချစ်ခြင်းမေတ္တာတွေ
သွန်းလောင်းထည့်လိုက်တဲ့အခါ
မိဥသြက ချိန်ခါမဲ့စွာတွန်ကြူးလေတယ်...
အပျော်နဲ့မထိုက်တန်သူအဖို့
ချစ်ခြင်းမေတ္တာဆိုတာ
ပြဿဒ်ကိုလောင်ကျွမ်းစေတဲ့
အမှိုက်တစ်စပါဘဲ မောင်....
ဒီလိုနဲ့ပဲ
ကျွန်မအဖို့
မပြေနိုင်တဲ့အမုန်းမီးတွေနဲ့
ကြမ္မာစေရာမှာပျော်သလိုနေတတ်ခဲ့ပြီ...။ ။
No comments:
Post a Comment