အ ေ မ့ ထံ
_____________________________တိမ်တွေက လေတွေရဲ့ စေရာ လွင့်နေရတာပဲ
ကျနော် တိမ် မဖြစ်ချင်ဘူး အမေ
ကမ္ဘာမြေရဲ့ အပူတွေကို စုပ်ယူ
သူ့ကိုယ်သူ ခြောက်သွေ့ပစ်တဲ့ သစ်ရွက်ကလေး
ကျနော် ဖြစ်ချင်တယ် ။
ပင်အပ်နှစ်ချောင်းဆုံရာ
လူဖြစ်လာတဲ့ ကျနော်က
ဘာကို တပ်မက်ရမယ်
နေဝင်ချိန်ဆိုတဲ့ တေးတွေနဲ့
ဟိုး ဝေးဝေးဆီ ပျံသန်းတဲ့ ငှက်ကလေး
ချစ်ခြင်းမေတ္တာကို လမ်းကြုံ ပါးလိုက်ပါရဲ့
မပူပါနဲ့ အမေ ။
တဖက်က ချောင်းကော ကောနေရင်
တဖက်က ရေပြင်အရုပ်ရေးသူ ကျနော်က
လူ့ဘဝကို
သရေကွင်းလို ဆွဲဆန့် ထားရတယ်
ကြွေကျ သွားတဲ့ သစ်ရွက်ကလေးပဲဖြစ်ချင်တယ် အမေ
လွှတ်ချ လိုက်ရမယ့် သရေကွင်းဟာ
ကျနော် မဖြစ်ပါရစေနဲ့ ။
မပူပါနဲ့ အမေ
ကျနော့်အပူ နှစ်ဆ
အမေ့ အပေါ်ပူနေမှာ
ကျနော် စိတ်ပူတယ် ။ ။
No comments:
Post a Comment