Tuesday, March 8, 2016

လက်ပံတောင်းကို ကတ်စရောင်းပဲ ရှင်းကြတာပေါ့  - ခေတ်ဆူး



"လက်ပံတောင်းကို 

  ____________ ကတ်စရောင်းပဲ ရှင်းကြတာပေါ့ "


မင်းသားခေါင်းတွေ..ကျွတ်ကျတဲ့အချိန်
ကျည်ဆံတစ်ထောင့်ဟာ..
သန်းခြောက်ဆယ်ရဲ့ နှလုံးအိမ်ကို
ဖောက်ဝင်သွားတယ်..
တချိန်လုံး...ငါတို့ချည်းခံရတယ်
စကားပြောရင်..လက်မပါနဲ့
ငါတို့အချင်းချင်း..အိုးမည်းသုတ်ပြီး
ပြန်ခွပ်ခိုင်းတယ်
စကားပြောရင် လက်မပါနဲ့
ကိုယ့်ထမင်းကိုယ်စားတာတောင်
ပါးရိုက်လိုက်လို့တဲ့
စကားပြောရင် လက်မပါနဲ့
ငါတို့ ဝေစုငါတို့ပြန်တောင်းတယ်
စကားပြောရင် လက်မပါနဲ့
ငါတို့ဧရာဝတီ...ငါတို့ပဲစီးဆင်းမယ်
စကားပြောရင် လက်မပါနဲ့
ငါတို့..ညီအစ်ကို အရေးငါတို့ပဲဖြေရှင်းမယ်
စကားပြောရင် လက်မပါနဲ့
လက်ပါတိုင်း ကောင်းတာမဟုတ်ဘူး
စကားပြောတိုင်း လက်ပါကြေးဆို
ငါတို့အားလုံးမှာလည်း..
"လက်"တွေရှိတယ်ဆိုတာ..ဘယ်တော့မှ
မမေ့နဲ့ ။

ခတ်ဆူး

No comments:

Post a Comment