Monday, March 21, 2016

မျှော်နေသော လရောင်ကလေး - ၂ - လွင်နောင်နောင်

https://www.etsy.com/listing/232944367/the-perfect-evening-digital-download


မျှော်နေသောလရောင်ကလေး  ( ၂ )

_________________________

ကြွေသွားတဲ့ကြယ်ကလေးတွေမြင်တိုင်း
ဆုတောင်းနေမြဲပါ ကလေးလေး ။

ဖေဖေ ဖေဖေ ဖေဖေ ဖေဖေ
မေမေ မေမေ မေမေ မေမေ
ဒီလိုအထပ်ထပ် ခေါ်သံ ငတ်နေရသူပါ ကလေးလေး  … …

ဖေဖေ့ရင်ခွင်ထဲ
မေမေ့နှလုံးအိမ်ထဲ
မေတ္တာပျိုးအုံကလေး ဘယ်တော့အညှောင့်ထွက်မလဲလို့
ရေလောင်းရ ပေါင်းသင်ရ
မရမီကတည်းက ကြိုချစ်နေရသူပါ ကလေးလေး … …

အိမ်အပြန်ခေါ်သံတွေထဲ
အသည်းနှလုံးတုန်မယ့် ဆည်းလည်းသံ
ညံစေချင်ပြီ ကလေးလေး … …

လာပါတော့ကွယ်
ဖက်ထား ခွစီး ဆင် မြင်း သစ်ကုလားအုပ်
ကလေးလေးလုပ်ခိုင်းချင်ရာခိုင်း
ဒီလို အိပ်မက်နေတာပါ ကလေးလေး … …

အနုပညာ ကဗျာ သီချင်း
အပျင်းပြေပုံပြင် စင်တင်ပြဇာတ်
ဖတ်ပြ ဆိုပြချင်ပြီ ကလေးလေး … …

လာပါတော့နော် …
အပျော်အိမ်မှာ မေတ္တာလရောင်
အမှောင်မရှိ မိဘရင်ငွေ့
ပေးတွေ့ချင်ပါပြီ ကလေးလေး …

လွင်နောင်နောင်

No comments:

Post a Comment