Tuesday, March 22, 2016

ဓား - ဧသုချို

http://www.google.com.mm/url?sa=i&source=images&cd

ဓား 

______________________

ဓားဟာ  အိပ်မက်မက်တယ် ။

သူဟာ...
သူ့ကိုကြိုးကိုင်အမိန့်ပေးသူရဲ့ ဆန္ဒအတိုင်း
ခုတ်ထစ်ရ
ပိုင်းဖြတ်ရ
ထိုးသွင်းရ
ပြိုကွဲပျက်စီးမှုများကို ထမ်းရွက်
သမိုင်းအဆက်ဆက်
အမည်ဆိုးနဲ့  အမှုတော်ထမ်းရွက်ကျေပွန်လို့ ။

ဓား က ပြောတယ်
သူ့ကိုယ်သူသာပိုင်မယ်ဆိုရင်
အရာရာပေါင်းစပ်ဆုံဆည်းဖို့
" ငြိမ်းချမ်းရေးတရား "ကို  ထုဆစ်ပုံသွင်း
သူ...ဂုဏ်သရေရှိရှိနေချင်ပြီတဲ့ ။

အဲ့ဒီညက
ဓားဟာ   ဒီအိပ်မက်ကိုမက်လို့
သူ့နောက်ကိုလည်း ဓားတွေက
တကောက်ကောက်လိုက်လို့  ။  ။

 ဧသုချို



No comments:

Post a Comment