Tuesday, March 22, 2016

အနာဂတ်အစီအစဉ် - ၆ - အနီ

www.abstract.com

အနာဂတ်အစီအစဉ် - ၆

________________________

စိုက်ခင်းလေးထဲငါရှိနေမယ်။

မြေနီလမ်းတွေဘက်ငါစက်ဘီးစီးနေမယ်။

ချောင်းကမ်းစပ်နားငါထိုင်နေမယ်။

နွားကျောကုန်းပေါ်ကငှက်တော်တွေကိုငါငေးနေမယ်။

ခြံစည်းရိုးတိုင်ပေါ်ကပုစဉ်းတွေကိုလိုက်ဖမ်းနေမယ်။

ရေဒီယိုနားထောင်နေမယ်။

မင်းအကြောင်းမပါတဲ့သတင်းတွေရွေးနားထောင်မယ်။

မငြိမ်းချမ်းတဲ့ကမ္ဘာထဲ
ငြိမ်းချမ်းခြင်းနည်းနည်းတော့ရှိလိမ့်မယ်။

ပျော်စရာရှားပါးတဲ့ကမ္ဘာထဲ
ပျော်စရာနည်းနည်းတော့ရှိလိမ့်မယ်။

ရှာမယ်။ ။

အ နီ




No comments:

Post a Comment