Saturday, March 5, 2016

လေတို့ ရဲ့ အထိ အရှ - သစ်ပင်



လေတို့ရဲ့ အထိအရှ

________________________

တခါတခါ
လေထုထဲ ပျော်ဝင်လိုက်ချင်တယ်

မနေ့ကထက်
ပိုလှအောင် မပြုံးနိုင်တဲ့နေ့တွေဆို
လေညင်းနဲ့ နှဲ့လည်း
ကျိုးကြေရပါတယ် …

ပျံ့နှံ့အလွယ်ဆုံးအရာတွေ
ပိုင်ဆိုင်တဲ့ လေညင်းရယ်
မုန်းဖို့ အဖော်မညှိလေနဲ့

စိတ်ကလေး
လေပေါ်တင်လိုက်ရင်
လေထုတွေ လေးလံသွားမလား … …

တရားစစ်စစ်တွေ
လေထဲမှာ လေပါတယ် ။        ။

သစ်ပင်

FEB 6.2016
PM 9:30

No comments:

Post a Comment