Tuesday, May 10, 2016

ပုံမှန်​​ဈေး - ဝါလုနီ



ပုံမှန်ဈေး

_________________________

ရောင်းနေတာ စံပယ်ပန်းမို့
မဝယ်ဘူးဆိုရင်လည်း ခေါင်းခါပြလိုက်ပေါ့
ပန်းရဲ့အရောင်အသွေးကို
ညစ်နွမ်းသွားစေတဲ့ အကြည့်တွေ
ဘယ်လိုမှ မခံစားနိုင်တော့ဘူး

ယူနီဖောင်း ဆိုပေမယ့်လည်း
ဝတ်ထားတဲ့ ကျောင်းစိမ်းက
ဒီနေရာနဲ့တော့ အဆင်မပြေဘူးမို့လား

ကျောင်းကပြန်လာလို့
လွယ်အိတ်မချရသေးဘူး
အသင့်စောင့်နေတဲ့ စံပယ်ရနံ့တွေက
အခြားသူတွေအတွက်တော့ မွှေးကြိုင်နေမှာပေါ့

မြန်မာပြည်ရဲ့
နောက်ဆုံးမင်းနေပြည်မြို့မှာ
မြန်မာတံဆိပ်ကပ်ထားတဲ့ ဆိုင်တိုင်းဆီကို
ညစဉ်ညတိုင်း ရောက်ခဲ့ရတာ
ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူရမလိုပါပဲ

ထပ်မဆစ်ပါနဲ့တော့လား
သုံးကုံးနှစ်ရာက ပုံမှန်ဈေးပါ ။

ဝါလုနီ

No comments:

Post a Comment