ဖရိုဖရဲပြုတ်ကျနေသော ရက်များ တဖွဲဖွဲ
___________________________တံခါးခေါက်သံ မကြားရဘူး ကြည့်လိုက်တော့ ဧည့်ခန်းမှာ အဖော်ပေါင်းတွေနဲ့ ညအိပ် ညနေ ပျော်ရွှင်စွာနေမယ့် ပုံပဲ ဒုက္ခက ပြုံးပြုံးကြီး ကြည့်နေတယ်။ အရိပ်တစ်ခုလို ရွာချ ကိုယ်သွားရာ အပ်ကျမတ်ကျ လိုက်လို့ သူပြုံးလေ ကိုယ်မဲ့ရလေနဲ့ သူနဲ့ ကိုယ်ကြား ပုံရိပ်စစ် ဖြစ်ထွန်းတယ်။ စေတနာနဲ့ အသားဓါတ်ရအောင် ခုန်ချအသက်ပေးသွားတဲ့ လ္ဘက်ရည်ခွက်ထဲက ယင်ကောင်တစ်ကောင်ရဲ့ စေတနာမျိုးနဲ့ သူပျော်နေသမျှ အေးချမ်းခြင်းမဲ့လို့ အပူတွေနဲ့ ပျော်ကျနေရတဲ့ ချိုချဉ်တစ်လုံးပေါ့။ အသားလဲ မလိုပါဘူး အရိုးလဲ မတောင်းပါဘူး။ ကိုယ်စိုက်လို့ ကိုယ်ရိတ်သိမ်းရတယ်ဆိုတာပြောတယ် အခုတော့ အလေ့ကျလာပေါက်နေတဲ့ အိမ်ဘေးက ဗာဒံပင်ကို ဓါတ်ကြိုးနဲ့ မလွတ်တိုင်း ကိုယ်က တက်တက်ခုတ်ပေးနေရတယ်။
No comments:
Post a Comment