Friday, August 24, 2012

တရွေ့ရွေ့လမ်း အောင်လွန်းမြိုင်
















တရွေ့ရွေ့လမ်း


အောင်လွန်းမြိုင်

မော့ကြည့်ဖြစ်တော့
အမြင့်မှာ ဇီဇ၀ါပွင့်တွေ တလွင့်လွင့်
ငါ ရထားတဲ့ ဘ၀အဓိပ္ပါယ်
ကုန်ဆုံးခဲ့သောနှစ်များ ။

ခေါက်ရှာငှက်လို
မိတ်ဆွေကောင်းပီသချင်သူပါ
ပန်းပွင့်သံလည်း ကြားချင်တယ်
လက်ဖက်ရည်ဆိုင်လည်းထိုင်ချင်တယ်
ငါစီးခဲ့သောခရီးမှာ
ချစ်ခြင်းမေတ္တာဟာ
ပွန်းပဲ့အနာတရဖြစ်လို့
ငါ လေထဲမိုးထဲအစာရှာရင်း
အသိုက်ရှိရာ ပြန်ခဲ့သူရယ်ပါ ။                 ။

အောင်လွန်းမြိုင်
Beauty M ax မဂ္ဂဇင်းတွင်ဖော်ပြပြီး။
(ခုနှစ်၊လ ၊ မမှတ်မိတော့ပါ)

No comments:

Post a Comment