ဆရာတော် ဦးဇောတိက “တစိမ့်စိမ့်တွေးမယ်”
I have no parents. I make the heavens and earth my parents.
ငါ့မှာ မိဘမရှိပါဘူး။ ငါဟာ ကောင်းကင်နဲ့ မြေကြီးကို (သဘာဝတရားကို) မိဘသဖွယ် လုပ်ထားပါတယ်။
I have no home. I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။ ငါဟာ သတိကို အိမ်လုပ်ပြီးနေပါတယ်။
I have no life or death. I make the tides of breathing my life & death
ငါ့မှာ မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုတာ မရှိပါဘူး။
ဝင်လေ ထွက်လေကိုပဲ မွေးဖွားခြင်း၊ သေဆုံးခြင်းလို့ သဘောထားပါတယ်။
I have no divine power. I make honesty my divine power.
ငါ့မှာ တန်ခိုး မရှိပါဘူး။ ရိုးသားမှုကို င့ါရဲ့ တန်ခိုးအဖြစ် လုပ်ထားပါတယ်။
I have no friend. I make my mind my friend.
င့ါမှာ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်း မရှိပါဘူး။
ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ်။
I have no enemy. I make carelessness my enemy.
ငါ့မှာ ရန်သူမရှိပါဘူး။ သတိမပါ၊ ဥာဏ်မပါ ပေါ့ပေါ့တန်တန် ဖြစ်သလို
နေတတ်၊ လုပ်တတ်တာကိုပဲ ငါ့ရန်သူလို့ သဘောထားပါတယ်။
I have no armour. I make benevolence my armour.
ငါ့မှာ သံချပ်ကာအင်္ကျီ မရှိပါဘူး။ သူတစ်ပါးကောင်းကျိုးကို လိုလားတဲ့စိတ်ကိုပဲ သံချပ်ကာအင်္ကျီသဖွယ် လုပ်ထားပါတယ်။
I have no castle. I make immovable mind my castle.
ငါ့မှာ ရဲတိုက် မရှိပါဘူး။ ငါဟာ တည်ငြိမ်တဲ့ စိတ်ကိုပဲ ရဲတိုက်ကြီးအဖြစ် လုပ်ထားပါတယ်။
I have no sword. I make absence of self my sword.
ငါ့မှာ ဓါးရှည် မရှိပါဘူး။ အတ္တမရှိခြင်းကိုပဲ လက်နက်ဖြစ်တဲ့ ဓါးရှည်ကြီးအဖြစ် လုပ်ထားပါတယ်။
ကိုယ့်ဘ၀ကို စည်းကမ်းရှိရှိ ဖြောင့်ဖြောင့်သွားချင်ရင် -
ကိုယ့်စိတ်ကို ကိုယ်သိအောင် လုပ်ရမယ်။ ၀မ်းနည်း၊ ၀မ်းသာ အဖြစ်နည်းပြီး
ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ဆုံးဖြတ်ရမယ်။
ဘ၀ရဲ့အရည်အသွေးကို မြင့်မားစေချင်ရင် -
စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှ ဖြစ်မယ်။
ဘ၀ရဲ့အဆင့်အတန်းကို စိတ်ရဲ့အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်။
လူဟာ အများအကျိုးကို ဆောင်ရွက်မှလည်းပဲ
ကိုယ့်ဘ၀ကို ကျေနပ်မှု ရနိုင်မယ်။
ဘ၀ဟာ အင်မတန် တိုတောင်းလှပါတယ်။
သူများမကောင်းကြောင်းတွေ ထိုင်တွေးနေဖို့ အချိန်မရှိပါဘူး။
သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်မှသာ
လူ့ဘ၀ကို အောင်အောင်မြင်မြင် နေသွားတဲ့သူလို့ ဆိုနိုင်မယ်။
သေခါနီးမှာ ကိုယ့်ကိုစီရင်ချက်ချမဲ့သူဟာ ကိုယ့်စိတ်ပဲ။
မနေ့က ငါထက် ဒီနေ့ငါက ပိုပြီး စိတ်ထားကောင်းမှသာ
ငါ့ဘ၀ကို ငါကျေနပ်နိုင်မယ်။
စက္ကန့်တိုင်း စက္ကန့်တိုင်း၊ တစ်ခဏတိုင်း တစ်ခဏတိုင်း ကို
တန်ဖိုးထားနိုင်မှသာ ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ ဖြစ်မှာပါ။
တစ်ခဏတိုင်း တစ်ခဏတိုင်းကို သတိလေးနဲ့ နေလိုက်ပါ။
ဘ၀ရဲ့ မရေရာ မသေချာတတ်တဲ့ သဘာဝကို လက်ခံနိုင်မှ
ဘ၀ရဲ့ အဓိပ္ပါယ်ကို ပိုပြီး နားလည်မယ်။
ဘ၀ဆိုတာ စွန့်စားရတဲ့ ခရီးရှည်ကြီးပါ။
ကိုယ့်အမှားတွေကို ရိုးရိုးသားသား ကြိုးကြိုးစားစား ပြင်တဲ့သူဟာ
ကိုယ့်ကိုယ်ကို ချစ်တဲ့သူဖြစ်တယ်။
ကိုယ့်ဘ၀နဲ့ပတ်သက်ပြီးတော့ အကောင်းမြင်တတ်တဲ့သူ၊
ကောင်းတာတွေဖြစ်လာမယ်လို့ ယုံကြည်တဲ့သူ၊
ကောင်းအောင်လည်း ကိုယ်တတ်နိုင်သလောက် ကြိုးစားနေသူ အတွက် ကောင်းတာတွေဖြစ်တာ များလာမှာ သေချာတယ်။
မကျေမနပ်ဖြစ်နေတဲ့စိတ်ဟာ မလွတ်လပ်ဘူး။
ငြိမ်းချမ်းသလောက်ပဲ လွတ်လပ်တယ်။
ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်လုပ်တာဟာ သူများ မဟုတ်ပါဘူး။
ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ၊ ကိုယ့်သဘောထား မှားနေလို့ပါ။
ဘယ်လိုအခြေအနေ ဘယ်လိုအချိန်အခါမှာပဲဖြစ်ဖြစ်
သတိနဲ့ ကိုယ့်စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ နေကြမယ်ဆိုရင်
ဘ၀ရဲ့ အရည်အသွေးဟာ အတိုင်းအဆမရှိ မြင့်မားလာနိုင်တယ်။
စိတ်ငြိမ်းချမ်းမှုထက်ပိုပြီး တန်ဖိုးရှိတဲ့အရာ
ဘယ်လိုအရာမျိုးမှ မရှိပါဘူး။
ချီးမွမ်းတယ်၊ ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးရဲ့စိတ်ထဲမှာ
ခဏလေးဖြစ်သွားတဲ့ အတွေးလေးတစ်ခုပါ။
ကိုယ့်ကို မှီခိုနေအောင်လုပ်တာ သူ့ကို ချစ်တာမဟုတ်ဘူး။
ကိုယ့်ကိုယ်ကို ချစ်တာ။
တကယ့်မေတ္တာဆိုတာ ဘာလဲဆိုတော့
သူ့သာသူ စိတ်ချမ်းသာအောင် နေတတ်သွားအောင် နည်းလမ်းပေးလိုက်တာပဲ။
တကယ်မေတ္တာစစ်မှန်သွားရင် -
ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးမှာ မဟုတ်တော့ဘူး။
သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကိုတွေးပြီး အဲဒါကိုလိုလားတယ်။
မေတ္တာဆိုတာ သူတစ်ပါးအတွက် အာဟာရဖြစ်သလို
ကိုယ့်အတွက်လည်း အာဟာရ ဖြစ်ပါတယ်။
ဦးဇောတိက(မဟာမြိုင်တောရ)
No comments:
Post a Comment