Sunday, August 19, 2012












             နှစ်ယောက်စာသီချင်း


ဝိုင်အပြည့်ပုလင်းဆီ
လမ်းကြုံလိုက်ခဲ့ ၊

ဆိုသောသီချင်းအတိုင်း
ဒရမ်ရိုက်ချက်များနဲ့
တွယ်ငြိလာ…………၊

အခွံလွှာထားတဲ့ စာသားကိုယ်စီ
ဇစ်ဆွဲကြည့်ရာ
လက်ယှက်ထိုးလို့ ၊

အသံနှစ်ခု ၊
အကွာအဝေးမတွက်တဲ့ကြိုးပေါ်မှာ
သူ့ဝပ်အား၊ ကိုယ့်ဝပ်အား
ညီမျှဖို့ပါပဲ   ။ ……………………။


ရန်လင်းအောင်
မိုးဂျာနယ်
၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာ


No comments:

Post a Comment