Thursday, November 22, 2012

ရှာဖွေခြင်း၊ အောင်လွန်းမြိုင်






ရှာဖွေခြင်း

ဦးနှောက် အကန့်ထဲမှာ
စီရေးထားတဲ့ ကဗျာ
စာရွက်ပေါ်မတင်ဖြစ်ခဲ့
မိုးလင်းပြီလား . . . . . .
မိုးလင်းပြီလား . . . . . .
အကြိမ်ကြိမ်မျှော်လင့်ရတဲ့ မနက်ဖြန်
အလမ္မာယ်ဆရာလက်ထဲက မြွေတစ်ကောင်လို
အစီအစဉ်တကျ ကပြရ အခါခါ  . . . . ၊

ကျေးငှက်တို့အိပ်တန်းတက်
တိမ်ညိုတွေအိမ်ခေါင်မိုးမှာ
ကြယ်လတို့မရှိတဲ့ည
ငွေစကြေးစ ဆီက
ပြန်ခဲ့တယ် ။

လမ်းကောက်ကွေ့  ခွက်ချိုင့်ပြွမ်းရာ ရပ်ကွက်
အလင်းရောင်မခိုးမခန့် ဖြာကျနေတဲ့
ပြတင်းပေါက်ကလေး
ငါ့ကိုကြိုနေတာလား
ပြန်ခဲ့တယ် ။

အနုပညာ . . . . . . . .
အောင်မြင်ကျော်ကြားမူ
ထားတော့ . . . . . . .
ကိုယ့်ကိုယ်ကို မသေရုံတမယ်မွေမြူးနေရ
ဘ၀တွေထမ်းပိုးသမျှ
လမ်းမတွေ သယ်ဆောင်လာရာ ငါ့ခရီးမှာ
နေထွက်တာ နောက်ကျပြီး
နေ၀င်တာ စောလှချည့် ။               

အောင်လွန်းမြိုင်
ချယ်ရီ မဂ္ဂဇင်း၊ 
မတ်လ ၊ ၂၀၀၀ ပြည့်နှစ်

No comments:

Post a Comment