Thursday, December 13, 2012

အောင်လွန်းမြိုင်၊ မွေးနေ့ ......




မွေးနေ့
အောင်လွန်းမြိုင်
ငါ့ကိုယ်ငါ
အန်ထုတ်လိုက်ပြီ
ငါဟာ နွေဥတုမှာ
မွေးဖွားခဲ့သူမို့
ဒီထက်ပူလည်း ဒီထက် ပိုမပူတော့ပါဘူး ။

မျက်ရည်တွေကို ဘာသာပြန်
စကားလုံးတွေတွဲသီပြီး
ညီမလေးဖတ်ဖို့
စာမျက်နှာပေါ် တင်ခဲ့ပြီးပြီ ။

မြစ်တွေလို
ကောက်ကွေ့နေတဲ့နေ့တွေအလယ်
ကမ်းပါးပြိုသလို
နှလုံးသားလည်း အခါခါပြိုကျခဲ့ပြီ ။

အိပ်ယာနဲ့ဝေးတဲ့ညတွေရှိသလို
ညီမလေးရဲ့ ပါးပြင်နဲ့ ဝေးရတာမဆန်းတော့ပါဘူး ။

ဒီညလည်း
အရင်ညတွေလို မီးမှိတ်အိပ်ခဲ့ပါတယ် ။
ပန်းပဲလည်းဖိုခဲ့ပြီးပြီ ၊
ဝါးပင်လေးနဲ့ပျိုးထားတဲ့အိမ်လေးထဲမှာ
အတိတ်တွေလည်း နေ့ပြန်တိုးလို တိုးခဲ့ပေါ့
ငါ့ကိုငါ
အန်ထုတ်ခဲ့ပြီ ။ . . . . . . . . . . . . . . . . ။
                        အောင်လွန်းမြိုင်
ပန်းအလင်္ကာ၊ မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၀ - ခုနှစ်




No comments:

Post a Comment