တောအော်ပရာ
အောင်လွန်းမြိုင်
ကားလိပ်အဖွင့်
အလွမ်းဟာ
လက်ခုပ်တစ်ဖောင်မှာ ရပ်တန့်သွား
သွေသားဆန္ဒတွေ
တွန့်လိမ်နေတဲ့ တံလျှပ်ဟာ
သူ လင်ကောင်း
သားကောင်း မရနိုင်ရှာတော့ပါဘူးတဲ့ ။
လင်လိုချင်သူ
လင်ကောင်း သားကောင်းမရနိုင်ရှာသူ တံလျှပ်ဟာ
ရွာလမ်းမပေါ်
နွေဖုံလုံးနဲ့အတူ ထွန့်ထွန့်လူးပေါ့ ။
ငွေကြေးနောက်လည်း
လိုက်ချင်ရှာသူ တံလျှပ်ဟာ
သားကောင်ရှာသူ
မုဆိုးနဲ့တွေ့ပေါ့ ။
မုဆိုးဟာ
တံလျှပ်နဲ့တွေ့တဲ့အခါ
သူ့ရဲဒူးလေးကို
မျက်နှာလွှဲခဲပစ်လုပ်
လင်ကောင်း
သားကောင်းမရနိုင်ရှာသူကို ညှို့ယူ ။
ဒါနဲ့
တံလျှပ်ဟာ
မုဆိုးကိုမြှူဆွယ်
မုဆိုးရဲ့
အရည်ပျော်ရင်ခွင်ထဲ ပျော့ခွေ
ဒီမှာဖြင့်
ဇာတ်က နာလိုက်လေခြင်း ။
အို . .
. အနုံညာတ မအတစ်ယောက်မတော့
ရင်ဝလှံဒဏ်ရာနဲ့
လက်တစ်ဖက်က
သားကိုဆွဲ
တံလျှပ်မ
မှုတ်ထုတ်လိုက်တဲ့ အပူတွေနဲ့
မုဆိုး ပြန်မလာတော့တဲ့အခန်းမှာ
မီးအမှောင်ပိတ်
ကားလိပ်အချ
အလွမ်းဟာ
လေထဲမှာ ကြိုးတန်းလန်းနဲ့
။ . . . . . . . . . . . ။
အောင်လွန်းမြိုင်
ပိတောက်ပွင့်သစ်၊ စက်တင်ဘာ၊၂၀၀၈ -
ခုနှစ်
No comments:
Post a Comment