အိမ်
ငါအိမ်ပြန်ချင်ခဲ့တယ်
အခုတော့
ငါကလမ်းပေါ်မှာ
မပြီးဆုံးသေးတဲ့
ပြဇာတ်တစ်ပုဒ်ကို
စိတ်မပါစွာ
ကြည့်နေရသလိုပေါ့  ။
တစ်နေ့
ငါ့ အိမ်ကိုတွေ့မယ်၊ အနွေးဓာတ်ကို ငါတွေ့မယ်
အအေးဓာတ်ကလေးကို
ငါတွေ့မယ်
ငါ့ ဘ၀နဲ့စာရင်
ဘာနဲ့မှ လဲမရတဲ့ အရာကို ငါတွေ့မယ်
ငါအိမ်ကို
ပြန်ချင်တယ် ။
ငါ့ ပူလောင်မှုတွေ
ဆေးကြောပေးမယ့် ငါ့ အိမ်ကို ငါပြန်ချင်တယ်
ငါ့ အိမ်မှာသော့ခတ်ထားချင်တယ်
ငါ့ အိမ်မှာ
ငါလိုပဲ '' ငါ '' တစ်ယောက်အဖြစ်
'' သူ့
" ကိုတွေ့ချင်တယ်
ငါ့ အိမ်မှာမိသားစု
ရဲ့ သောကဒုက္ခနဲ့
ပျော်ရွှင်မှုရနံ့ကို
ငါရချင်တယ်
ပြီးတော့
အဲ့ဒီ ရနံ့တွေ နဲ့ အသက်၀၀ရှူချင်တယ်
ငါ့ အိမ်မှာ
မင်းရယ် ငါ ရယ် ရောနှောထားတဲ့ အိမ်ဖြစ်ချင်တယ်
တကယ်ဆိုရင်
အရာဝတ္ထု အားလုံးထက် ခိုင်တဲ့ကြိုးနဲ့
မင်းငါ
့ကို တုပ်နှောင်ထားသင့်တာပေါ့  ။
မုဆိုးအဖြစ်နဲ့
သားကောင် ငါ့ ကိုပစ်ခတ်သင့်တာပေါ့  ။
ငါအိမ်ပြန်ချင်တယ်
ငါအိမ်ပြန်ချင်တယ်
ငါ့ ကို
သိတဲ့ အိမ်ကို ပြန်ချင်တယ်
ဝေါဟာရအားလုံး
မပျောက်ကွယ်သေးတဲ့ ငါ့ အိမ်ကို
ငါပြန်ချင်တယ်
။
ငွေယံဦး
ဆယ်ပေပတ်လည် အနုပညာ
ညများ
မနေ့ကသောကြာနေ့လေ
သီချင်းတစ်ပုဒ်ထဲက
အတိုင်းပဲလား
ကိုးနာရီတိတိမှာ
အားလုံးထွက်ခွာလာခဲ့ကြ
ငါ့ ကိုယ်ငါ
ကြော်ငြာရတာလည်း
စိတ်ပျက်တယ်
။
မဖြစ်မနေပြောကြစတမ်းဆို
ညစစ်စစ်က
တပ်မက်စရာကောင်းတယ် ၊
အစီအစဉ်မပါဘဲ
အမှောင်ပြန်လာတယ် ၊
အိပ်မပျော်သူမှာ
မှော်ရှိတယ်၊
နှင်းကြွေသံမစဲခင်
ငါအိပ်ရာဝင်မှ
ဖြစ်တော့မယ် ။
ဇောသစ်
ရတုမြေ မဂ္ဂဇင်း
အတွဲ (၁)
အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။
No comments:
Post a Comment