Monday, August 18, 2014

က မ်းေ ခြ ၊ေ မာ င်ေ သာ် တာ

က မ်းေ ခြ

--------------- written by မောင်သော်တာ

ရောင်စုံထီးကြီးတွေကို
သောင်ပြင်သဲပူပူထဲထိုးစိုက်
ကားကျွတ်ကြီးတွေနဲ့ရေကူးနိုင်အောင်လေဖြည့်ထား
ကမ်းစပ်ကျောက်ကြိုကျောက်ကြားမှာ
ခရုအဆံကျွတ်လေးတွေ
ဖွေးလို့
ကွမ်းယာရမယ် ------ဘီယာရမယ်
အရက်ရမယ်
ပြီးတော့ ဟိုဟာဒီဟာရမယ်
ညကောင်းကင်အောက်မှာမီးပုံလေးတွေ
တရဲရဲ
မနက်မိုးမလင်းခင်
အမြင်မတော်တဲ့အမှိုက်တွေပြန်ကောက်
မြင်ကွင်းထဲမှာ ပင်လယ်ပြာပြာမိုးပြာပြာပဲ
ရှိပစေပေါ့
ဒါမှသာ နဂ္ဂိုလ်ရည်မပျက်သေးသလိုထင်စိတ်နဲ့
ရေလှိုင်းတွေလာလာစီးကြမှာ         ။               ။


                                           မောင် သော် တာ

No comments:

Post a Comment