Monday, August 18, 2014

ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ

ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ (၃)

<> အမေး
မြန်မာနိုင်ငံမှာ နတ်ကတော်တွေ၊ နတ်ထိန်းတွေဟာ
နတ်ပူးတယ်ဆိုပြီး လာရောက်မေးမြန်းသမျှလူတွေကို ဟောနေကြပါတယ်။
သည် နတ်ကတော်တွေ နတ်ထိန်းတွေ နတ်ပူးတယ်ဆိုတာ
ဟုတ်ပါသလား။

<> အဖြေ
သီလက္ခန် ဗြဟ္မဇာလသုတ်မှာ
ဒေ၀ပဥှာဆိုတဲ့ အတတ်မျိုးကို ပြဆိုထားတာရှိတယ်။
ဘုရားမပွင့်မီ ပဝေသဏီက ရှိနေတဲ့အတတ်မျိုးတွေဆိုတော့
ယခုခေတ်မှာလည်း နတ်ကိုခေါ်သွင်းနိုင်တဲ့ဆရာ
မရှိဘူးလို့တော့ မဆိုနိုင်ဘူး။ သို့သော်
တကယ် နတ်သွင်း၊ နတ်ခေါ်နိုင်တဲ့ ဆရာမျိုးက အလွန်နည်းပါးတယ်။
များစွာသော နတ်ကတော်တွေ၊ နတ်ထိန်းတွေက
လူထုကို လှည့်စားတာပဲ များတယ်။

<> အမေး
နတ်ကတော်တွေ လှည့်ပတ်ပြောဆိုတာ ယုံကြည်ရုံနဲ့
မိစ္ဆာဒိဋ္ဌိ ဖြစ်နိုင်ပါသလား ။

<> အဖြေ
သိပ် ဖြစ်နိုင်တာပေါ့။
မိစ္ဆာဒိဋ္ဌိ ဆိုတာ ကံ-ကံ၏အကျိုးကို မယုံကြည်ရင်
မိစ္ဆာဒိဋ္ဌိ ဖြစ်တော့တာပဲကိုး။
အခုကိစ္စမှာ ၊ နတ်ကတော်က ပြောတယ်
နတ်ကိုပူဇော်ရင် သင့်ကို နတ်က မ-စမယ်၊ စောင့်ရှောက်မယ် ပြောလိုက်တယ်။
အဟောခံရတဲ့သူက
သူ့ရဲ့ ကံညာဏ်ဝီရိယကြောင့် ကြီးပွားအောင်မြင်တာကိုတောင်မှ
သူ့ရဲ့ ကံညာဏ်ဝီရိယကြောင့် ကြီးပွားအောင်မြင်တယ်လို့
မမြင်နိုင်တော့ဘူး။
နတ်က မ-စလို့ လို့ မြင်သွားတယ်။
ကံကို ပစ်ပယ်ပြီး၊ နတ်ကို ယုံသွားတယ်။
အယူအဆမှားယွင်းသွားတဲ့အတွက် မိစ္ဆာဒိဋ္ဌိ ဖြစ်သွားရတယ်။

ဒီလို လိမ်လည် ဖြန်းသန်း စားသောက်လာခဲ့တဲ့
မကောင်းမှုကံကြောင့် သေလွန်တဲ့အခါ ပြိတ္တာဖြစ်ရတယ် လို့
ကျမ်းဂန်တွေမှာ ပြဆိုထားတယ်။

<> ထီးချိုင့် တည်တောဆရာတော်ကြီး ၏ အဖြေ /

No comments:

Post a Comment