Monday, August 18, 2014

“ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တု - လူ့အားမာန်”


“ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တု - လူ့အားမာန်”
••••••••••••••••••••••••••••••••••••••

ခြေထောက်မပါ၊ မြွေသတ္တ၀ါလည်း
လိုရာကိုပြေး ၊ ရောက်နိုင်သေး၏။

ဦးခေါင်းမပါ ၊ ပုဇွန်မှာလည်း
လိုရာကိုပြေး ရောက်နိုင်သေး၏။

ငါ့မှာ လက်ခြေ၊ စုံလင်ပေခဲ့
တစ်ထွေဦးခေါင်း၊ ပြည့်စုံရှောင်းခဲ့
အပေါင်းအင်္ဂါ စုံလင်ပါသော်
လိုရာပန်းတိုင် ၊ ငါလှမ်းကိုင်
အနိုင်ရဖို့ ၊ သေချာလှ။

ကြက်တူရွေးပင် ၊ စကားသင်ပေး
ပြောတတ်သေး၏ ။

မျောက်ကလေးပင် ၊ လူတို့သင်ပေး
ကတတ်သေး၏။

ငါကားလူသား၊ ငါ လူသားတည့်
လူသားတို့မာန် ၊ လုံ့လသန်၍
ဥာဏ်ရည်ကိုပြု ၊ ဇွဲဖြင့်တုသော်
လူတို့ပြည်မှာ ၊ မစွမ်းရာ
ဘယ်ဟာမရှိကြ။


                    -【တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်】
                               Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm က ကူးပါသည် ။

No comments:

Post a Comment