Tuesday, March 31, 2015

သူရဲကောင်း ။ ယောလုံမေ


သူရဲ​ကောင်း

**********
သေဆုံးခြင်း​တွေရဲ့အခြားတစ်​ဘက်​မှာ
တွေ့ဆုံခြင်းရှိခဲ့မယ်​ဆိုရင်
ကျွန်​​တော်​ သူနဲ့ လိုက်​သွားချင်​တယ်

နှုတ်​ဆက်​တဲ့မျက်​၀န်း​တွေက
အမှာစကား​ပြောကြားသွားသလို
ရင်​ထဲကတစ်​စုံတရာကို ထုတ်​ခွဲသွားလိုက်​တာ
ကျွန်​​တော့်​ရင်​ဘတ်​​တွေ
ခုထိ ပြန်​မ​စေ့နိုင်​​သေးဘူး။

သူ မရှိတဲ့ကမ္ဘာမှာ
သူ ထားခဲ့တဲ့အမှတ်​တရ​တွေပိုက်
စကားလက်​ဆုံကျဖူးတဲ့ နံနက်​ခင်း​ပေါင်းများစွာထဲက
အဆုံးမ​တွေကိုလွမ်းတယ်
ကျွန်​​တော်​နှစ်​သက်​ဖူးတဲ့
သူ့​ချွေးန့ံ​တွေကိုလွမ်းတယ်
သူစီး​နေကြ စင်​ကြယ်​ဖိနပ်​​လေးကိုလွမ်းတယ်​။

ပျော်​စရာပုံရိပ်​​တွေဟာ
ဘ၀မှာဘယ်​​တော့မှပြန်​မရ​တော့ဘူးဆိုတဲ့
အသိနဲ့ ဖွဲမီးလို
တ​မြေ့​မြေ့ကျွမ်း
ကျွန်​​တော့်​မျက်​ရည်​​တွေ မခန်းနိုင်​​တော့

ခေါ်ခွင့်​မရှိ​တော့တဲ့ နာမ်​စား​လေးကို
တသသရွတ်
အလွမ်း​တွေစကြာဝဠာကိုပစ်​တင်​လို့
သူ့ကိုပြန်​မျှား​ခေါ်လို့ရရင်
အ​တွေးနဲ့ည​တွေ ပို​မှောင်​လာတယ်​။

သူမရှိ​တော့
ရှင်​သန်​​နေထိုင်​မှုက အသက်​ရှုကျပ်​လာတယ်
မျက်​ရည်​သုတ်​​ပေးမယ့်​ လက်​တစ်​စုံမရှိ​တော့
ကျွန်​​တော်​မငိုတတ်​​တော့တာ ကြာပြီ
ပြေးခိုစရာရင်​ခွင်​မရှိ​တော့
ကျွန်​​တော်​အ​မှောင်​ မ​ကြောက်​တတ်​တာ ကြာပြီ
ကာကွယ်​​ပေးမယ့်​သူမရှိ​တော့
ကျွန်​​တော်​သတ္တိရှိခဲ့ ပြီ​။

နောက်​တခါပြန်​လာရင်
ရယူတတ်​သူအဖြစ်​ လာခဲ့ပါ
ကျွန်​​တော်
သူ့​ခြေရင်းမှာ ခယ ၀ပ်​စင်းချင်​လို့
တက်​တူးထိုးလာတဲ့ရင်​ဘတ်​နဲ့
ကျွန်​​တော်​ ​အော်​​ခေါ်မိတယ်
အ​ဖေရယ်​....
ပြန်​လာခဲ့ပါ​တော့ ။         ။
                 
             ယာလုံ​မေ

No comments:

Post a Comment