Tuesday, March 31, 2015
အိမ်ပြန်မလာတဲ့ ချေ ။ ဇေရ
အိမ်ပြန်မလာတဲ့ ချေ
****************
ချေ ဟာ
ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး
ကျောင်းတက်ခေါင်းလောင်းထိုးသံကို
နောက်ကျောဘက်မှာထားခဲ့တယ်။
ရိုင်ဖယ်ကျည်တစ်တောင့်
မျက်ခုံးပေါ်စိုက်ဝင်ခဲ့ပြီး
ချစ်တဲ့ကျောင်းသားတွေကြားမှာမပျော်တော့
သင်ရိုးကို
တောရှင်းဓားတစ်လက်အဖြစ်
ခြေရာခွက်ထဲ စိုက်သွင်းခဲ့
ချေဟာ
ကူရာမဲ့သွေးတွေကို
ကျောင်းလွယ်အိတ်ထဲကဆွဲထုတ်ခဲ့
ဘ၀တစ်စုံလုံးကျောင်းခန်းထဲကဆွဲထုတ်။
မိသားစုအစိတ်ပိုင်းကို
အသွေးသားထဲကဆွဲထုတ်
ကဗျာဆရာဘ၀ကိုဆွဲထုတ်
စကားလုံးတွေကို
ဧည့်ခန်းမှာအမှတ်တရ ချိတ်ဆွဲထားပြီးထွက်ခဲ့တယ်။
ချေဟာ
ထွက်သွားပြီး ပြန်မလာတဲ့ အနီရောင်မိတ်ဆွေ
ချေအိမ်မပြန်နိုင်ခဲ့တဲ့လမ်းမှာ
တော်လှန်ဆူးတွေ
ဖိနပ်ပေါက်လောက်အောင် ပွင့်သီးလှပလို့
ခင်ဗျားအမည်နာမနဲ့
နိုင်ငံတော်အဆင့်အလံလွင့်ထူမတ်လိုက်ပြီ ချေ။
ဇေရ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment