Saturday, March 21, 2015
ကမ္ဘာ့ကဗျာနေ့ လေးကျွန်းမြေ ကဗျာများ
န တ် ဖြ စ် တဲ့ေ န့
ခင်ဗျားသာသေချာပစေ
လမ်းတွေကခင်းပြီးသား
လူလမ်း
နတ်လမ်း
တိရ စ္ဆာန်လမ်း
အစရှိသဖြင့် ……
ကဗျာရေးတဲ့နေ့ဆို
တစ်ကိုယ်လုံး
နတ်ဖြစ်တာပဲ
နေမင်းမျက်စိကျိန်းစပ်သွားအောင်
ကိုယ်ရောင်ကိုယ်ဝါ တဖျပ်ဖျပ် ။ ။
မင်းညွန့်လှိုင်
စီးေ လ ရာ ဝ ယ် … …
ငြိမ့်ကနဲ ……
လှိုက်ဖိုစေ့ဆော်မှုက
အလှကြည့်သွေးကြောဆီ ဖြတ်အပြေး
ပုရစ်ဖူးလို တွန်းထိုးရုန်းထွက်
လက်ဖျားထက် စကားလုံးများ ။
ဆပွား အလှတရား အနုပညာ
ချိတ်သွယ် ဆင့်ကမ်း ဆန့်တန်းလိုက်ကြ ။
မြိုင်ဟေဝန် ရသနန်း
ကဗျာ့ပန်းတွေ ဝေလို့ ။ ။
ခက်ဦး
ညမဖတ်ရ ……
__________ အမှတ်တရတွေ ………
ဒီလမ်းက တကယ်ရှည်တယ်
သွေးကြောင်နေရင် ပိုရှည်လျားမယ် …
မင်း ပြန်လာမှ ငါရှိမယ်
ငါ့ ကိုပြန်တွေ့မှ
မင်းလည်းသေပျော်မယ်
မဟုတ်ဘူးလား ။
အသက်နဲ့ထုပ်မှ
လုံခြုံမယ့်မြေ ……
သွေးနဲ့ဆေးမှ
လန်းမယ့်ရေ ……
တသက်စာ စတေးမှ
မသူတော်ဘေး ကင်းဝေးရမယ့်
ဒီအဖြစ်တွေ
ဒီအပျက်တွေ
သဘောမကျဘဲ လွမ်း လွမ်းနေရတဲ့
ဒီအဖြစ်တွေ
ဒီအမှတ်တရတွေ ……
သရဲဘောကြောင်တဲ့ နံနက်ခင်းများ
ပျော်ပျော်ပါးပါး ပြန်ပြောင်းပြောနိုင်ကြပါစေ
ရယ်ရယ်မောမော
ဖတ်ရှုနိုင်ကြပါစေ ။ ။
ရန်လင်းအောင်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment