Sunday, March 22, 2015

အဓိပ္ပါယ်ကောက်ရန် /မကောက်ရန် ။ ရန်လင်းအောင်



အဓိပ္ပါယ် ကောက်ရန်
အဓိပ္ပါယ် မကောက်ရန်
__________________

ယုံကြည် ခေါင်းမာ
ခံယူချက် တဇွတ်ထိုး
တဇောက်ကန်း
ထင်ရာစိုင်းလက်ပေါက်ကပ်
နားမဝင် ပြောရခက်ဆိုရခက်
ပြန်မပြောနားမထောင်
ဂွစာဇွတ်တရွတ်
ကပ်ဖဲ့တိုက် ဒုံးပေကပ်သတ်
နားကပ်ကြား တစ်ဘက်မြင်
အယူသည်း တစ်ယူသန်
ဗူးဆို ဖရုံမသီး
ဒါဆို ဒါပဲ ။

                ရန်လင်းအောင်


No comments:

Post a Comment