သင်္ဘောစောင့်ခြင်း
.............................လရောင်ရှိလျက်နဲ့
မှောင်နေရတဲ့ ညတစ်ညပေါ့
ဆန္ဒတို့သယ်ဆောင်ရာ
မလိုက်ပါနိုင်သေးတဲ့ဘဝကို
လောင်မီးကျစေခဲ့တာ........။
နေ့ညနံရံတွေထဲ
ရာဇဝင်ရှည်လျားလွန်းတဲ့အထီးကျန်ခြင်းက
မြစ်တစ်စင်းဖြစ်နေ..........။
အဲ့ဒီ့မြစ်ထဲ
တစိမ့်စိမ့်စီးဝင်တဲ့ မင်းအသံတွေ
ရေပေါ်ဝဲလို့ မင်းအပြုံးတွေ
ဘဝကမ်းပါးကိုတတိတိစားတဲ့
ငါ့အချစ်တွေလည်းအပါအဝင်........။
အချစ်.... ဘဝနဲ့ မနက်ဖြန်
ဘာကိုမှ အစတေးမခံနိုင်ဘူး
အချိန်တန်ရင် အိမ်ပြန်လာရမယ် ။
မနက်ဖြန်ကိုစောင့်တဲ့ ပစ္စုပ္ပန်ဟာ
တံတားပေါ်ကနေ လက်ပြလို့
ငါ့မှာသာ.....
ဆိပ်ကမ်းတစ်ခုရဲ့ ဒုက္ခနဲ့........။.....။
ဇောသစ်
(ကွယ်လွန်သွားခဲ့ပြီး တောင်ငူမြို့
ဂုဏ်ဆောင် ကဗျာဆရာ
သံဃာတော်တစ်ပါး)
ဓာတ်ပုံ Thura Win Myint
No comments:
Post a Comment