ရပ်ကွက် မနက်ခင်း
စကောထဲ က ပန်း ဟာ
ရွက်ရောင်းဖို့ သာ ဖြစ်ကြောင်း
ပန်းသည် မလေးရဲ့ စိတ်က
ကျောမှာ ချထားတဲ့ ကျစ်ဆံမီးရှည်ကို လှမ်းအော်တယ်။
ပန်း တွေ လှသလောက်
နွမ်းလျဘဝ တွေ တေးဆိုသံ ဝေး ရင်း
အက်နေတဲ့ အသံကို
လမ်းကြို လမ်းကြား အနှံ့
ချို အောင် သွေးထားရ ။
ခေါ်သံ ကြား တဲ့ အခါ
ရေတောက်ထား သလို မျက်ဝန်းအိမ်
အရောင် လက်လို့
ဈေးဦးပေါက် ဝယ်လက်ရယ်
သူတော်ကောင်း ပိုက်ဆံသာ ဖြစ်ပါစေတော့ ။
နှီးစည်းထောင့်စုတ် လွယ်အိတ်လေးက
ကျောင်းနေခဲ့ ဖူး တဲ့ သက်သေအဖြစ်
ဝမ်းစာနဲ့ မိသားစု ကို စလွယ်သိုင်း ရင်း
လေ့ကျင့်ခန်းစာအုပ် ဟာ
ပန်းဖိုးတွက် တဲ့ ဘောင်ချာ ဖြစ်ရ ။
ဘဝ ဟာ ဆေးသား မကောင်းတဲ့
ပန်းချီကား လို
ရပ်ကွက်ထဲ ကျလာ မယ့် နေရောင်ဟာ
ပန်းအဆစ်တောင်းမယ့် လက္ခဏာ ။ ။
ကိုသားကြီး
No comments:
Post a Comment