Friday, May 8, 2015

ပသိချောင်းသွားတောလား ။ ခက်ဦး

ပသိချောင်းသွား တောလား

..........................................

ရိုးရာမို့
အမြင့်ရောက်လေ
ပဟေဠိဆန်လေလေ
အယိုင်အရွဲ့တွေကြား ။

ကိုင်းချင်းဆက် ရွက်ချင်းယှက်
ဥတုနဲ့သဘာဝထဲ
တိမ်ဆီခွဲတက် အသက်ဆက်ကြ
ခုခံအားအပြည့်နဲ့ ဖြောင့်မတ်မှုကိုပြ
သစ် မြင့် ပင် များ ။

                  ခက်ဦး
          ၁၆ . ၄ . ၂၀၁၅

No comments:

Post a Comment