Friday, May 8, 2015

အကောင့်သေတစ်ခု ။ မင်းညွန့်လှိုင်


အေ ကာ င့်ေ သ တ စ် ခု

____________________

အဲဒီညနေက
နောက်ဆုံးနေရောင်ထဲ
သစ်လွင်တောက်ပတဲ့မော်တော်ကား
သစ်လွင်တောက်ပတဲ့ဝတ်စုံနဲ့
သစ်လွင်တောက်ပတဲ့အပြုံးကို
သူ့ရဲ့
လူမှုကွန်ယက်စာမျက်နှာမှာ
တွေ့လိုက်ရသေးတယ် ။

ခရီးတစ်ထောက်
ညစာမစားမီ
အဆင့်မြင့်မြင့်ယမကာများ
အရသာရှိရှိမြည်းစမ်းဖွယ်ရာများ
ကမ္ဘာကြီးသို့
သူ့ရဲ့နောက်ဆုံးဆက်သွယ်ချက် ။

အမြန်လမ်းမကြီးပေါ်
သူ
ဘယ်လောက်ဝေးဝေးပြေးခဲ့သလဲ
ခန့်မှန်းတွက်ချက်သူရဲ့အလိုအတိုင်းသာ ။ ။

                                        မင်းညွန့်လှိုင်

No comments:

Post a Comment